ထိုင်းနိုင်ငံ ဘန့်ဘိန်မြို့နယ်ထဲမှာ မြန်မာအမျိုးသမီးက သမီးအားမုဒိမ်းကျင့်သူကို သတ်ပြီး ရေထဲပစ်ချ …..Seemore

ထိုင်းနိုင်ငံ ဘန့်ဘိန်မြို့နယ်ထဲမှာ မြန်မာအမျိုးသမီးက သမီးအားမုဒိမ်းကျင့်သူကို သတ်ပြီး ရေထဲပစ်ချ …..Seemore
အဲဒီနောက် ညရောက်တဲ့အခါ အလောင်းကို ရေထဲမပေါ်အောင် သစ်သားပြားနဲ့ ပူးချည်ကာ စက်ရုံဝင်းထဲရှိ ရေကန်ထဲမှာ သွားပစ်ချခဲ့တယ်လို့ ဒေါ်မနုက ဝန်ခံပြောပါတယ်။ သေဆုံးသူ ဇော်နိုင်ဦးရဲ့ အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်မှာ သူတို့အလုပ်လုပ်ရာ နောင်ဆမ့်ချတ်အုပ်စု သစ်သားစက်ရုံဝင်းထဲရှိ ရေကန်ထဲမှာ တွေ့ရှိခဲ့တာပါ။ ဒီမတိုင်ခင်က ဇော်နိုင်ဦးဟာ မြန်မာရှေ့ပြောင်းလုပ်သား အချင်းချင်းကြား ငွေတိုးချေး စားနေသူဖြစ်လို့ ငွေချေးတဲ့ပြဿနာကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ နယ်မြေခံ ရဲစခန်းက ထင်မြင်ချက်ပေးထားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ခွန်းပူးရီးခရိုင်၊ ဘန့်ဘိန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က သစ်သားစနဲ့ ပူးတွဲချည်နှောင်ပြီး ရေကန်ထဲပစ်ချခံထားရတဲ့ မြန်မာအလုပ်သမားတဦးရဲ့ အလောင်း တွေ့ရှိတာနဲ့ ပတ်သက်လို့ သံသယရှိတဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ သေဆုံးသူ ဇော်နိုင်ဦး (အသက် ၃၇ နှစ် ) နဲ့ တအိမ်တည်းနေထိုင်တဲ့ ဒေါ်မနု (၄ဝ နှစ်) ဖြစ်ပြီး ဇော်နိုင်ဦးဟာ သူမရဲ့ သမီးဖြစ်သူကို မုဒိမ်းကျင့်တဲ့အတွက် သံချောင်းနဲ့ ရိုက်သတ်ခဲ့တဲ့အကြောင်း ဝန်ခံထားတယ်လို့ တာဝန်ရှိ သူတွေက ဒီကနေ့မနက် ၁ဝ နာရီလောက်က လူသတ်မှု ဖြစ်ပွားရပုံကို ပြန်လည်သ ရုပ်ပြခဲ့ပါတယ်။

သူမ နဲ့ သမီးဖြစ်သူတို့ဟာ ဇော်နိုင်ဦးနဲ့ စက်ရုံအလုပ်သမားအိမ်ခန်းမှာ အတူနေကြပြီး ပြီးခဲ့တဲ့ ဇွန်လက မြန်မာပြည်ကို ခေတ္တပြန်သွားခဲ့ကြောင်း၊ ပြန်လာတော့ ဇော်နိုင်ဦးက သမီးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သမီးက တိုင်ပြောတဲ့အတွက် စိတ်ဆိုးပြီး သြဂုတ် ၁၆ ရက်နေ့က နိုင်ဦး အရက်မူးပြီး အိပ်ပျော်နေစဉ် သံချောင်းနဲ့ ခေါင်းကိုရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ညရောက်တဲ့အခါ အလောင်းကို ရေထဲမပေါ်အောင် သစ်သားပြားနဲ့ ပူးချည်ကာ စက်ရုံဝင်းထဲရှိ ရေကန်ထဲမှာ သွားပစ်ချခဲ့တယ်လို့ ဒေါ်မနုက ဝန်ခံပြောပါတယ်။

သေဆုံးသူ ဇော်နိုင်ဦးရဲ့ အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်မှာ သူတို့အလုပ်လုပ်ရာ နောင်ဆမ့်ချတ်အုပ်စု သစ်သားစက်ရုံဝင်းထဲရှိ ရေကန်ထဲမှာ တွေ့ရှိခဲ့တာပါ။ ဒီမတိုင်ခင်က ဇော်နိုင်ဦးဟာ မြန်မာရှေ့ပြောင်းလုပ်သား အချင်းချင်းကြား ငွေတိုးချေး စားနေသူဖြစ်လို့ ငွေချေးတဲ့ပြဿနာကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ နယ်မြေခံ ရဲစခန်းက ထင်မြင်ချက်ပေးထားခဲ့ပါတယ်။ ဓာတ္ပုံ-Onbnews

Leave a Reply

Your email address will not be published. Required fields are marked *