ခင်ပွန်းဖြစ်သူမှ ဇနီးကို ကျောင်းအုပ်ဆရာမကြီးထံသွား၍ စာသင်မပေးနိုင်ကြောင်းပြောခိုင်းရာ မပြောသဖြင့်… See
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်စစ်ဆေးလျက်ရှိသည့် ကျောင်းဆရာမတစ်ဦး မိမိကိုယ်ကို တူဖြင့်ထု၍ သတ်သေမှုအား တပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းစစ်ဆေးရာ
ခင်ပွန်းဖြစ်သူမှ တူဖြင့်ရိုက်သတ်ပြီး မိမိကိုယ်ကိုသေကြောင်းကြံစည်ဟန် ပြုလုပ်ထားခြင်းအား ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ဖြစ်စဉ်မှာ အခင်းဖြစ်နေရာအား အောင်ပန်းနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ရင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ
အခင်းဖြစ်နေအိမ်နှင့် ကပ်လျက်ရှိ အခြားဆရာမများနေထိုင်သည့် ခြံဝန်း အတွင်း၌ ဆံပင်ထွေးပြတ်များ၊ ခြံစည်းရိုးဝါးတိုင်တွင်သွေးကွက်များအား မသင်္ကာဖွယ်ရာတွေ့ရှိ သောကြောင့် ဒေါ်မေဝင်းမော်(၃၇)နှစ်(ကျောင်းဆရာမ)၏ ခင်ပွန်းဖြစ်သူ
အောင်ပန်းမြို့၊ ပင်မှီကျေး ရွာနေ ဇော်လင်း (၃၇)နှစ်နှင့် သားဖြစ်သူ ရှိုင်းဇေယျာလင်း(၇)နှစ်တို့အား မေးမြန်းရာ ဇော်လင်းမှ ဇနီးဖြစ်သူ ဒေါ်မေဝင်းမော်အား ကျောင်းသား/သူများကို အချိန်ပိုမသင်ပေး နိုင်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံ သွားရောက်ပြောခိုင်းရာ မပြောသဖြင့်
Post navigation