စီးတီးမှာ ဂွါဒီယိုလာရဲ့အရိုက်အရာဆက်ခံနိုင်ပေမယ့် လုံးဝစိတ်ဝင်စားမှုမရှိခဲ့တဲ့ အဲရစ် တင်ဟာ့ခ်
အဲရစ် တင်ဟာ့ခ်က ပက် ဂွာဒီယိုလာကိုယ်တိုင် သူက မန်ချက်စတာ
စီးတီးအသင်းမှာ စပိန်လူမျိုးနည်းပြနေရာ ဆက်ခံနိုင်တဲ့သူဖြစ်လာနိုင်တယ်ဆိုပြီး
ပြောဆိုမှုကို လျစ်လျူရှုကာ မန်ချက်စတာ ယူနိုက်တက်အပေါ်
ပြောင်းရွေ့ခဲ့တဲ့ အပေါ် နောင်တမရကြောင်း ပြောဆိုလိုက်ပါတယ်။
တင်ဟာ့ခ်ဟာ ဂွာဒီယိုလာ ဘိုင်ယန်မြူးနစ်အသင်းမှာ ရှိစဉ်တုန်းက
သူ့ရဲ့ လက်အောက်မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။
ဒါကြောင့် သူတို့ ( ၂ ) ဦးက တစ်ဦးနဲ့ တစ်ဦး ရင်းနှီးနေကြပါလိမ့်မယ်။
ဒါကြောင့် ယူနိုက်တက်က နည်းပြသစ်နေရာအတွက် တင်ဟာ့ခ် နှင့်
ပိုချက်တီနိုတို့ကို အင်တာဗျူးနေစဉ် ဂွာဒီယိုလာက အင်တာဗျူးတစ်ခုမှာ
တင်ဟာ့ဟာ သူ့နေရာ ဆက်ခံမယ့်သူ ဖြစ်လာနိုင်တယ်လို့
ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ အလားတူ ပြောဆိုပြီး
( ၃ ) ပတ်အကြာမှာ တင်ဟာ့ခ်က ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့ပါတယ်။
တင်ဟာ့ခ်က မန်ချက်စတာ ဒါဘီမတိုင်ခင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ
အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး “ ဒါက ကျေနပ်စရာပါ။
ပထမဦးဆုံးအနေနဲ့ ကျွန်တော် မန်ယူနိုက်တက်ကို ရွေးချယ်ခဲ့တာနဲ့
ပတ်သက်ပြီး ရာနှုန်းပြည့်ကျေနပ်ပါတယ်။ ကျွန်တော် ဒီအတွက်
တစ်စက္ကန့်လေးတောင် နောင်တမရပါဘူး။” လို့ ဆိုခဲ့ပါတယ်။
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *