ဖခင်ရဲ့အသံကိုကြားကြားချင်းပဲ ဖခင်ဖြစ်သူကို အပျှော်ရွှင်ဆုံးအပြုံးဖြင့် ပြန်လည်ပြုံးပြနေခဲ့တဲ့ မွေးကင်းစကလေးငယ်

အောက်တွင် Zawgyi နှင့် ဖတ်ရှု့နိုင်ပါသည်

ကလေးငယ်လေးတွေဟာ လူတိုင်းလိုလိုရဲ့အာရုံကို ဆွဲဆောင်စေတာအမှန်ပါဘဲ။၎င်းတို့က နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ခြင်းအားဖြင့် မည်သူမဆိုရဲ့နှလုံးသားကို အရည်ပျော်စေတတ်ပါတယ်။ခုတော့ ဘရာဇီးနိုင်ငံရှိ ဖခင်တစ်ဦးဖြစ်လာတော့မဲ့ အမျိုးသားနှင့်မွေးကင်းစကလေးတို့ရဲ့ အံ့ဩဖွယ်ဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြပေးသွားမှာပါ။

 

ကျွန်တော်တို့သိတဲ့အတိုင်းဘဲ ၊ သန္ဓေသားဟာ အမိဝမ်းထဲမှာရှိနေစဉ်မှာ ၎င်းတို့ရဲ့အကြားစွမ်းရည်ကလည်း ဖွံ့ဖြိုးနေတာပါ။အများအားဖြင့် သန္ဓေသားဟာ ကိုယ်ဝန်ပတ် ၁၈ ပတ် ၀န်းကျင်လောက်မှာ နံပါတ်တစ်ကို စတင်ကြားလာနိုင်ပါတယ်။ဤ မှစ၍ ၎င်းဟာ ဆက်လက်ဖွံ့ဖြိုးလာပြီး ၎င်းတို့ဟာ အချို့သောအသံများကို မှတ်မိနိုင်ပြီး ၎င်းတို့ဟာ နံပါတ် နှစ် နှင့်လည်း ရင်းနှီးလာနိုင်ပါတယ်။ထို့ကြောင့် မိဘများက ၎င်းတို့ရဲ့ကလေးဟာ ၎င်းတို့ရဲ့အသံနှင့်အကျွမ်းတဝင်ရှိစေရန် သားအိမ်ထဲရှိကလေးအား စကားပြောပေးရန် မကြာခဏ အကြံပေးခံကြရပါတယ်။

မိဘများ၏အသံများနှင့်ရင်းနှီးမှုရှိခြင်းက ကလေးမွေးဖွားပြီးနောက် သက်တောင့်သက်သာဖြစ်စေတယ်လို့လည်း ယုံကြည်ထားကြပါတယ်။ဘရာဇီးနိုင်ငံ Rio De Janeiro မြို့နေထိုင်သူ Flavio Dantas အမည်ရှိအမျိုးသားကလည်း ၎င်းအချက်ကို သတိပြုမိကောင်းသိပါလိမ့်မယ်။သူဟာ ဇနီးဖြစ်သူ Tarsila Batista ရဲ့ကိုယ်ဝန်သတင်းကို ကြားသိရပြီးနောက် အလွန်ပျော်ရွှင်သွားခဲ့ရပါတယ်။သူဟာ သူ့ရဲ့ကလေးကို တွေ့ရဖို့ စိတ်လှုပ်ရှားစွာ မျှော်လင့်နေခဲ့ပါတယ်။ထို့အပြင် ဇနီးသည်ကိုယ်ဝန်ဆောင်နေစဉ်မှာ Flavio ဟာ သူမရဲ့ဗိုက်ထဲရှိကလေးနဲ့ နေ့တိုင်း စကားပြောပေးခဲ့ပါတယ်။

Flavioဟာ သူ့ရဲ့မမွေးသေးတဲ့သမီးလေးအတွက် မနက်တိုင်းလိုလိုဆုတောင်းပေးပြီး သူဘယ်လောက်ချစ်ကြောင်းကို သမီးလေးအား အမြဲပြောနေခဲ့ကြောင်းကို ဇနီး Tarsila က ပြောပြခဲ့ပါတယ်။ထို့အပြင် Flavio ဟာ မိခင်ရဲ့ဝမ်းဗိုက်ကို ပွတ်သပ်ပေးရင်း “ သမီးအတွက် အဖေအမြဲရှိနေမယ်” လို့လည်း ပြောပါသေးတယ်။၎င်းကိုကြည့်ခြင်းအားဖြင့် ဖခင်ဖြစ်သူက သမီးလေးကို အတော်လေးချစ်ပုံရပါတယ်။

Flavio က ထို့ကဲ့သို့ပြုလုပ်ပေးတဲ့အချိန် မိခင်ဗိုက်ထဲရှိကလေးကလည်း ဖခင်ဖြစ်သူကို တုံ့ပြန်ပေးဖို့ သူ့ထိလိုက်တဲ့အချိန်တိုင်း အမြဲတစေ လှုပ်ရှားပြနေခဲ့ပါတယ်။သို့ပေမဲ့ ကလေးလေးရဲ့တုံ့ပြန်မှုကို တွေ့လိုက်တဲ့ဖခင်ကတော့ အပျော်လွန်နေခဲ့ပါတယ်။၎င်းချိုမြိန်တဲ့အမူအရာလေးတွေက အဖေနဲ့မမွေးသေးတဲ့ကလေးမလေးကြားကနှောင်ကြိုးကို ခိုင်မြဲစေခဲ့ပါတယ်။

မကြာခင်မှာဘဲ ကလေးမွေးဖို့အဆင်သင့်ဖြစ်နေတဲ့ Tarsila ကို Rio de Janeiro မှာရှိတဲ့ Marcilio Dias Naval Hospital ဆေးရုံကို ခေါ်ဆောင်ခဲ့ကြပြီး Flavio ဟာ Antonella ဟု အမည်ပေးထားတဲ့သူ့ရဲ့သမီးလေးအား တွေ့ရန် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ရပါတယ်။ဆေးရုံရှိမီးဖွား၀န်ထမ်းတစ်ဦးက ကလေးအား ပထမဆုံးအကြိမ်အဖြစ် ပွေ့ဖက်ဖို့အတွက် မိဘတွေဆီသို့လွှဲပြောင်းပေးလိုက်တဲ့အခါ Antonella ရဲ့ အဖေဖြစ်သူကိုပြန်တုံ့ပြန်ပေးခဲ့မှုဟာ Flavio ကို အံ့သဩသွားစေခဲ့ရုံသာမက မီးဖွားခန်းထဲရှိလူအားလုံးကိုပါ အံ့အားသင့်သွားစေခဲ့ပါတယ်။

ကလေးအား မိခင်ရဲ့ရင်ဘတ်ပေါ်မှာထားလိုက်တဲ့အခါ Flavio ဟာ ခါးကိုကိုင်းညွှတ်ကာ သူ့ရဲ့ပုံမှန်လေသံဖြင့် “ hello ” လို့ပြောကာ ကလေးရဲ့မိခင်ဝမ်းဗိုက်ထဲရှိခဲ့စဉ်က ပြောခဲ့တဲ့စကားများကို ထပ်ခါထပ်ခါ ပြောနေခဲ့ပါတယ်။ထို့နောက် Antonella လေးဟာ ဖခင်ဖြစ်သူအား အပျော်ရွှင်ဆုံးအပြုံးဖြင့် တုံ့ပြန်ခဲ့ပါတော့တယ်။

Antonella လေးဟာ လူ့လောကထဲမရောက်ခင်ကတည်းက ဖခင်ဖြစ်သူရဲ့အချစ်ကို တဝကြီးရရှိခဲ့ပြီး ရှေ့လျှောက်လည်း သူမဟာ မိဘဆီကနေ လိုလေသေးမရှိတဲ့အချစ်များကို ခံစားသွားရမှာပါ။ထို့နောက် Flavio ကလည်း “ သမီးလေးက အဖေ့ရဲ့ရင်ဘတ်နဲ့ အံ့ကိုက်ပါလား” လို့ ရေရွတ်ကာ သမီးလေးကို ပွေ့ဖက်ခဲ့ပါတော့တယ်။

ထို့နောက် Tarsila ဟာလည်း ခင်ပွန်းနှင့်သမီးလေးတို့အကြားရှိ အံ့ဩဖွယ်ကောင်းတဲ့နှောင်ကြိုးကို မြင်လိုက်ရတော့ သူမရဲ့ရင်သွေးဟာ ဘုရားသခင်ကပေးပို့လိုက်တဲ့လက်ဆောင်တစ်ခုလို့ တွေးထင်နေခဲ့ရပါတယ်။မိခင်နှင့်ကလေးတို့ရဲ့နှောင်ကြိုးအကြောင်းကို ကျွန်တော်တို့မကြာခဏကြားရဖူးသော်လည်း ဖခင်နှင့်ကလေးအကြားရှိနှောင်ကြိုးကတော့ အနည်းငယ် ထူးခြားနေပါလိမ့်မယ်။Flavio ရဲ့ ပုံပြင်ဟာ ဖခင်တို့ဟာ ၎င်းတို့ရဲ့ကလေးများအပေါ် ခြွင်းချက်မရှိချစ်ခြင်းမေတ္တာများရှိနေကြောင်းကို ပေါ်လွင်စေမဲ့ဥပမာတစ်ခုဘဲ ဖြစ်ပါတယ်။

လေးစားလျှက် crd
Mia (KBdailynews)
Reference : momjunction

Zawgyi
ကေလးငယ္ေလးေတြဟာ လူတိုင္းလိုလိုရဲ႕အာ႐ုံကို ဆြဲေဆာင္ေစတာအမွန္ပါဘဲ။၎တို႔က ႏွစ္လိုဖြယ္ေကာင္းစြာ ၿပဳံးလိုက္ျခင္းအားျဖင့္ မည္သူမဆိုရဲ႕ႏွလုံးသားကို အရည္ေပ်ာ္ေစတတ္ပါတယ္။ခုေတာ့ ဘရာဇီးႏိုင္ငံရွိ ဖခင္တစ္ဦးျဖစ္လာေတာ့မဲ့ အမ်ိဳးသားႏွင့္ေမြးကင္းစကေလးတို႔ရဲ႕ အံ့ဩဖြယ္ဇာတ္လမ္းတစ္ပုဒ္ကို ေဖာ္ျပေပးသြားမွာပါ။

ကြၽန္ေတာ္တို႔သိတဲ့အတိုင္းဘဲ ၊ သေႏၶသားဟာ အမိဝမ္းထဲမွာရွိေနစဥ္မွာ ၎တို႔ရဲ႕အၾကားစြမ္းရည္ကလည္း ဖြံ႕ၿဖိဳးေနတာပါ။အမ်ားအားျဖင့္ သေႏၶသားဟာ ကိုယ္ဝန္ပတ္ ၁၈ ပတ္ ၀န္းက်င္ေလာက္မွာ နံပါတ္တစ္ကို စတင္ၾကားလာႏိုင္ပါတယ္။ဤ မွစ၍ ၎ဟာ ဆက္လက္ဖြံ႕ၿဖိဳးလာၿပီး ၎တို႔ဟာ အခ်ိဳ႕ေသာအသံမ်ားကို မွတ္မိႏိုင္ၿပီး ၎တို႔ဟာ နံပါတ္ ႏွစ္ ႏွင့္လည္း ရင္းႏွီးလာႏိုင္ပါတယ္။ထို႔ေၾကာင့္ မိဘမ်ားက ၎တို႔ရဲ႕ကေလးဟာ ၎တို႔ရဲ႕အသံႏွင့္အကြၽမ္းတဝင္ရွိေစရန္ သားအိမ္ထဲရွိကေလးအား စကားေျပာေပးရန္ မၾကာခဏ အႀကံေပးခံၾကရပါတယ္။

မိဘမ်ား၏အသံမ်ားႏွင့္ရင္းႏွီးမႈရွိျခင္းက ကေလးေမြးဖြားၿပီးေနာက္ သက္ေတာင့္သက္သာျဖစ္ေစတယ္လို႔လည္း ယုံၾကည္ထားၾကပါတယ္။ဘရာဇီးႏိုင္ငံ Rio De Janeiro ၿမိဳ႕ေနထိုင္သူ Flavio Dantas အမည္ရွိအမ်ိဳးသားကလည္း ၎အခ်က္ကို သတိျပဳမိေကာင္းသိပါလိမ့္မယ္။သူဟာ ဇနီးျဖစ္သူ Tarsila Batista ရဲ႕ကိုယ္ဝန္သတင္းကို ၾကားသိရၿပီးေနာက္ အလြန္ေပ်ာ္႐ႊင္သြားခဲ့ရပါတယ္။သူဟာ သူ႔ရဲ႕ကေလးကို ေတြ႕ရဖို႔ စိတ္လႈပ္ရွားစြာ ေမွ်ာ္လင့္ေနခဲ့ပါတယ္။ထို႔အျပင္ ဇနီးသည္ကိုယ္ဝန္ေဆာင္ေနစဥ္မွာ Flavio ဟာ သူမရဲ႕ဗိုက္ထဲရွိကေလးနဲ႔ ေန႔တိုင္း စကားေျပာေပးခဲ့ပါတယ္။

Flavioဟာ သူ႔ရဲ႕မေမြးေသးတဲ့သမီးေလးအတြက္ မနက္တိုင္းလိုလိုဆုေတာင္းေပးၿပီး သူဘယ္ေလာက္ခ်စ္ေၾကာင္းကို သမီးေလးအား အၿမဲေျပာေနခဲ့ေၾကာင္းကို ဇနီး Tarsila က ေျပာျပခဲ့ပါတယ္။ထို႔အျပင္ Flavio ဟာ မိခင္ရဲ႕ဝမ္းဗိုက္ကို ပြတ္သပ္ေပးရင္း “ သမီးအတြက္ အေဖအၿမဲရွိေနမယ္” လို႔လည္း ေျပာပါေသးတယ္။၎ကိုၾကည့္ျခင္းအားျဖင့္ ဖခင္ျဖစ္သူက သမီးေလးကို အေတာ္ေလးခ်စ္ပုံရပါတယ္။

Flavio က ထို႔ကဲ့သို႔ျပဳလုပ္ေပးတဲ့အခ်ိန္ မိခင္ဗိုက္ထဲရွိကေလးကလည္း ဖခင္ျဖစ္သူကို တုံ႔ျပန္ေပးဖို႔ သူ႔ထိလိုက္တဲ့အခ်ိန္တိုင္း အၿမဲတေစ လႈပ္ရွားျပေနခဲ့ပါတယ္။သို႔ေပမဲ့ ကေလးေလးရဲ႕တုံ႔ျပန္မႈကို ေတြ႕လိုက္တဲ့ဖခင္ကေတာ့ အေပ်ာ္လြန္ေနခဲ့ပါတယ္။၎ခ်ိဳၿမိန္တဲ့အမူအရာေလးေတြက အေဖနဲ႔မေမြးေသးတဲ့ကေလးမေလးၾကားကေႏွာင္ႀကိဳးကို ခိုင္ၿမဲေစခဲ့ပါတယ္။

မၾကာခင္မွာဘဲ ကေလးေမြးဖို႔အဆင္သင့္ျဖစ္ေနတဲ့ Tarsila ကို Rio de Janeiro မွာရွိတဲ့ Marcilio Dias Naval Hospital ေဆး႐ုံကို ေခၚေဆာင္ခဲ့ၾကၿပီး Flavio ဟာ Antonella ဟု အမည္ေပးထားတဲ့သူ႔ရဲ႕သမီးေလးအား ေတြ႕ရန္ အလြန္ပင္ စိတ္လႈပ္ရွားေနခဲ့ရပါတယ္။ေဆး႐ုံရွိမီးဖြား၀န္ထမ္းတစ္ဦးက ကေလးအား ပထမဆုံးအႀကိမ္အျဖစ္ ေပြ႕ဖက္ဖို႔အတြက္ မိဘေတြဆီသို႔လႊဲေျပာင္းေပးလိုက္တဲ့အခါ Antonella ရဲ႕ အေဖျဖစ္သူကိုျပန္တုံ႔ျပန္ေပးခဲ့မႈဟာ Flavio ကို အံ့သဩသြားေစခဲ့႐ုံသာမက မီးဖြားခန္းထဲရွိလူအားလုံးကိုပါ အံ့အားသင့္သြားေစခဲ့ပါတယ္။

ကေလးအား မိခင္ရဲ႕ရင္ဘတ္ေပၚမွာထားလိုက္တဲ့အခါ Flavio ဟာ ခါးကိုကိုင္းၫႊတ္ကာ သူ႔ရဲ႕ပုံမွန္ေလသံျဖင့္ “ hello ” လို႔ေျပာကာ ကေလးရဲ႕မိခင္ဝမ္းဗိုက္ထဲရွိခဲ့စဥ္က ေျပာခဲ့တဲ့စကားမ်ားကို ထပ္ခါထပ္ခါ ေျပာေနခဲ့ပါတယ္။ထို႔ေနာက္ Antonella ေလးဟာ ဖခင္ျဖစ္သူအား အေပ်ာ္႐ႊင္ဆုံးအၿပဳံးျဖင့္ တုံ႔ျပန္ခဲ့ပါေတာ့တယ္။Antonella ေလးဟာ လူ႔ေလာကထဲမေရာက္ခင္ကတည္းက ဖခင္ျဖစ္သူရဲ႕အခ်စ္ကို တဝႀကီးရရွိခဲ့ၿပီး ေရွ႕ေလွ်ာက္လည္း သူမဟာ မိဘဆီကေန လိုေလေသးမရွိတဲ့အခ်စ္မ်ားကို ခံစားသြားရမွာပါ။ထို႔ေနာက္ Flavio ကလည္း “ သမီးေလးက အေဖ့ရဲ႕ရင္ဘတ္နဲ႔ အံ့ကိုက္ပါလား” လို႔ ေရ႐ြတ္ကာ သမီးေလးကို ေပြ႕ဖက္ခဲ့ပါေတာ့တယ္။

ထို႔ေနာက္ Tarsila ဟာလည္း ခင္ပြန္းႏွင့္သမီးေလးတို႔အၾကားရွိ အံ့ဩဖြယ္ေကာင္းတဲ့ေႏွာင္ႀကိဳးကို ျမင္လိုက္ရေတာ့ သူမရဲ႕ရင္ေသြးဟာ ဘုရားသခင္ကေပးပို႔လိုက္တဲ့လက္ေဆာင္တစ္ခုလို႔ ေတြးထင္ေနခဲ့ရပါတယ္။မိခင္ႏွင့္ကေလးတို႔ရဲ႕ေႏွာင္ႀကိဳးအေၾကာင္းကို ကြၽန္ေတာ္တို႔မၾကာခဏၾကားရဖူးေသာ္လည္း ဖခင္ႏွင့္ကေလးအၾကားရွိေႏွာင္ႀကိဳးကေတာ့ အနည္းငယ္ ထူးျခားေနပါလိမ့္မယ္။Flavio ရဲ႕ ပုံျပင္ဟာ ဖခင္တို႔ဟာ ၎တို႔ရဲ႕ကေလးမ်ားအေပၚ ႁခြင္းခ်က္မရွိခ်စ္ျခင္းေမတၱာမ်ားရွိေနေၾကာင္းကို ေပၚလြင္ေစမဲ့ဥပမာတစ္ခုဘဲ ျဖစ္ပါတယ္။

ေလးစားလွ်က္ crd
Mia (KBdailynews)
Reference : momjunction

Leave a Reply

Your email address will not be published. Required fields are marked *