ရပ်စောက်မြို့တွင် ၁ လအတွင်း ကိုဗစ် ၁၉ ကူးစက်ရောဂါဖြင့် သေဆုံးသူ ၂ ဦးရှိလာ

ရပ်စောက်မြို့တွင် ၁ လအတွင်း ကိုဗစ် ၁၉ ကူးစက်ရောဂါဖြင့် သေဆုံးသူ ၂ ဦးရှိလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မှာ မနေ့က သေဆုံးသွားသူကို စစ်ဆေးတဲ့အခါ ကိုဗစ် တွေ့ခဲ့ရတယ်လို့ မဇ္ဈိမ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ရပ်စောက်မြို့ မြို့ကုန်းရပ်ကွက်မှာ ဦးနှောက်သွေးကြောပေါက်ပြီး မနေ့က နေအိမ်မှာ ဆုံးပါးသွားတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားကို RTD နဲ့ စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မဇ္စျိမ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သေဆုံးသူက ဆေးရုံဆင်းလာတဲ့ လူနာပါ။ ဆေးရုံမှာ ကူးတာလား၊ ဘယ်က ကူးစက်လာတယ်ဆိုတာတော့ မသိရသေးဘူး။ မိသားစုဝင်တွေကိုတော့ တခါတည်း ကွာရန်တင်းဝင်ခိုင်းထားပါပြီ။ ကျနော်တို့အနေနဲ့ ရပ်စောက်မြို့ထဲမှာ Mask ကမ်ပိန်းတွေ အမြဲလုပ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရပ်စောက်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ရေဖြူကျေးရွာက အသက် ၅၂ နှစ်အရွယ် အမျိုးသားတယောက် ကိုဗစ် ၁၉ ကူးစက်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *