တာလေမြို့အထွက် တိုးဂိတ်အနီး ချောင်းထဲသို့ ကားတစ်စီး ကျသွားရာမှ ကလေးငယ်(၁)ဦး အပါအဝင် (၄) ဦး … …

အဆိုပါ (၆)ဦးသည် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်ကြသူများကြပြီး တာချီလိတ်မြို့ကနေ မိုင်းယောင်းမြို့သို့ သွားစဉ် မိုင်းယောင်းမြို့သို့ မရောက်မီ တာလေမြို့အထွက် တိုးဂိတ်အနီးတွင် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူ တစ်ဦးက ပြောပြသည်။

သေဆုံးသူများတွင် အသက်(၈)နှစ်ကျော် ကလေးငယ်တစ်ဦး နှင့် အသက်(၇၀)ဝန်းကျင်ရှိ အမျိုးသား တစ်ဦး အပြင် အမျိုးသမီး (၂)ဦးတို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို တာလေဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီးနောက် တာလေမြို့ လောကပါလပရဟိတလူမှုကူညီရေးအသင်းက တာချီလိတ်မြို့သို့ ဆက်လက်ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

အဆိုပါချောင်းတွင် တရားမဝင် ရွှေတူးဖော်မှုများ လုပ်ဆောင်ခဲ့မှုများကြောင့် ရေများမှာ ဝါးတစ်ပြန်ကျော်စာ နစ်နေပြီး ကားမှာလည်း အဆိုပါ နေရာတွင် လူနှင့်အတူ နစ်မြှုပ်သွားခြင်း ဖြစ်ရာ တာလေမြို့ လောကပါလပရဟိတလူမှုကူညီရေးအသင်း အပါအဝင် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးယာဉ်ဖြင့် ကားနှင့် လူများကို ရေထဲကနေ ရှာဖွေဆယ်ယူခဲ့ရသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *