လူမဆန်တဲ့ တဏှာရူးကောင်ကြောင့် လောကကြီးကနေ ထွက်ခွါသွားခဲ့ရတဲ့ (၁၃)နှစ်အရွယ် ညီမလေး
မယ့်
ဘယ်သူမှ မကြားနိုင် မကူညီနိုင်နဲ့ လောကကြီးကနေ ပင်ပန်း ဆင်းရဲစွာနဲ့ ထွက်သွား ခဲ့ရပါတယ်။
ကလေးကို တွေ့တဲ့အချိန်မှာ ထွက်သက်ဝင်သက် မမှီလိုက်တော့ပါဘူး။
အမှု ဖြစ်တဲ့ကြာချိန်က တစ်နာရီ ခွဲ နှစ်နာရီ ဝန်းကျင်လောက် ကြာနိုင်ပါတယ်။
လောဘသားကောင် အပါအဝင်ကျန် ၃ ယောက်ကို ၁၂ ရက်နေ့ ညနေမှာပဲ ရဲက မသင်ကာမှုနဲ့ ဖမ်းသွားပြီး
ညတွင်းချင်း စစ်ဆေးရာမှာ လောဘသားကောင်က အပြစ်ဝန်ခံလာပါတယ်။
ကလေးကို နှိပ်စက်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ dar မြောင်ကိုပါ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြီးက ကျွန်တော်တို့ အတွက် သိပ်ကို စိတ်ထိခိုက် စေခဲ့တယ်။
၇ ရက်လည်မှ ပဲ ကျွန်တော်ကိုယ်တိုင် စိတ်အနည်းငယ် တည်ငြိမ်လာလို့ အားလုံးပဲ ကျွန်တော့ ညီမလေးလို အဖြစ်ဆိုးမျိုး မကြုံရအောင် ဝေမျှရခြင်း ဖြစ်ပါတယ်။
ကျွန်တော် တို့ဘက်ကတော့ လောဘသား ကောင်ကို သူလုပ်ခဲ့တဲ့ပြစ်မှုနဲ့ တန်အောင် ဥပဒေအရအရေးယူ နိုင်ဖို့ ကြိုးစားသွားမှာပါ
အားလုံးပဲ ကိုယ့်ရဲ့ ရင်သွေးညီငယ် ညီမငယ်လေးတွေကို စောင့်ရှောက်နိုင်ကြပါစေဗျာ သတိဆိုတာပိုတယ် မရှိဘူးဗျ။